
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
မော်စကိုစံတော်ချိန် စနေနေ့ ညနေ ၆ နာရီမှ တနင်္ဂနွေနေ့အကုန်အထိ အီစတာပွဲတော်ကာက အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာလိုက်ပါတယ်။
ရုရှားစစ်တပ် စစ်ဉီးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်နဲ့ တွေ့ဆုံစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာ ပါ။ လူသားချင်းစာနာမှုကို အခြေခံပြီး စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းဖို့ အမိန့်ပေးထားတယ်လို့ ၎င်း က ဆိုပါတယ်။
ရုရှားရဲ့ဉီးဆောင်မှုကို ယူကရိန်းကလိုက်နာပြီး ယာယီ အပစ်အခတ်ရပ်စဲဖို့ ဗလာဒီမာပူတင်က တောင်းဆိုခဲ့ပြီး အပြန်အလှန် လေးစားသမှုရှိတဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာမယ်လို့ ဆိုပါတယ်။
ယူကရိန်းက ရုရှားရဲ့လုပ်ရပ်တွေကို စောင့်ကြည့်မှာဖြစ်ပြီး ရုရှားက စစ်ပွဲရပ်ဆိုင်းပါက လိုအပ် သလို တုံ့ပြန်မယ်လို့ သမ္မတ ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီစတာပွဲတော်အလွန်ကာလအထိ အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးဖို့ ဇီလန်စကီးက အဆိုပြု ခဲ့ပြီး နာရီ ၃၀ ဟာ စစ်မှန်သော ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေ တည်ဆောက်ဖို့ မလုံလောက် ဘူးလို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးတာ တိုးတက်မှုမရှိရင် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှ ထွက်ခွာဖွယ်ရှိတယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြောကြားပြီးနောက် ပူတင်က နာရီ ၃၀ ကြာ တစ် ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့တာပါ။
ပူတင်ဟာ အော်သိုဒေါ့ ခရစ္စမတ်ကာလကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin announces Easter ceasefire in Ukraine
#Ayeyarwaddy_Times