ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

ဗန်ကောက်မြို့မှာကျင်းပတဲ့ ဆွေးနွေးမှုမှာ မြေငလျင်ဘေးအလွန် အပစ်အခတ်ရပ်စဲရေးကို လေး စားသမှုရှိဖို့ မြန်မာစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်နဲ့ အာဆီယံဉက္ကဌ အန်ဝါအီဘရာဟင်က ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး အရေးကြီးတယ်လို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ နိုင်ငံရေးအခြေအ နေ ဘယ်လိုပဲဖြစ်နေပါစေ မြန်မာနိုင်ငံသားအားလုံး လွှမ်းခြုံတဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ် ခွင့်ပြုဖို့ အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကြာသပတေးနေ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာ အန်ဝါအီဘရာဟင်ရဲ့ ငြိမ်းချမ်းရေး တိုက်တွန်းချက်ကို မဖော်ပြခဲ့ဘဲ မြေငလျင်ဘေး ပြန်လည်တည်ဆောက်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အန်ဝါအီဘရာဟင်ဟာ သောကြာနေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ယခုနှစ်အကုန်လောက်မှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို မြန်မာစစ်ကောင်စီက ကြေညာခဲ့ပါတယ်။

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့ မြန်မာစစ်တပ်ရဲ့ မည် သည့်ရွေးကောက်ပွဲကိုမဆို သပိတ်မှောက်ကြဖို့ NUG က ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကို တိုက် တွန်းထားပါတယ်။

စစ်တပ်နဲ့ ရာနဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကွဲပြဲနေတဲ့ မြန်မာနိုင်ငံမှာ စစ် မှန်သော ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

“အာဆီယံအဖွဲ့ရဲ့ စိုးရိမ်မှုကို ကျွန်တော်တို့ ဖော်ပြခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ပေါ်ရေးကို ကျွန်တော်တို့ လိုလားတာကြောင့် ဒီမိုကရေစီစနစ် ကျင့်သုံးဖို့ အရမ်း တွန်းအား မပေးပါဘူး” လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။

ကိုးကား – AFP
Ref; Malaysia PM Anwar urges Myanmar junta to honour quake truce

#Ayeyarwaddy_Times