ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

မြန်မာနိုင်ငံမှ မြေငလျင်ဘေးသင့် ပြည်သူတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး ယခုအ ချိန်ကို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ အသက်ရှင်ကျန်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက် ပံ့ရေး အသုံးချနိုင်ဖို့ မျှော်လင့်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး အက်စပန်ဘဂ်အီဒီက ပြောပါတယ်။

မြန်မာနှစ်ကူး သင်္ကြန်ကာလဟာ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ အချိန်ဖြစ်တယ်လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယာယီ အပစ်အခတ်ရပ်စဲမှု ကြေညာတာကို ကြိုဆိုပြီး အပစ်အခတ်ရပ်စဲမှု မလုပ်ဆောင်ရသေး တဲ့ လက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲမှု ကြေညာဖို့ သူက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ အက်စ ပန်ဘဂ်အီဒီက တောင်းဆိုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ စစ်ကောင် စီနဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးအပ်မှု အဆင်ပြေချောမွေ့ရေး၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုမှုနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အ မှတ် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေကြား အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ် ရေး အာဆီယံအဖွဲ့နဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးရေးမှာ ကူညီလိုတဲ့ဆန္ဒရှိတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – https://www.regjeringen.no/en
Ref; Statement by Foreign Minister Espen Barth Eide on the situation in Myanmar

#Ayeyarwaddy_Times