ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

တရုတ်နိုင်ငံက ယမ်းမှုန့်နဲ့ အမြောက်အပါအဝင် စစ်လက်နက်တွေ ရုရှားသို့ ထောက်ပံ့နေတယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲလိုက်ပါတယ်။

ရုရှားနိုင်ငံအတွင်း လက်နက်ထုတ်လုပ်မှုတွေမှာ တရုတ်နိုင်ငံသားတွေ တက်ကြွစွာ ပါဝင်ခဲ့တယ် လို့ ၎င်းက ဧပြီလ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်း လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာနရဲ့ တရုတ်က ရုရှားသို့ လက်နက်တွေ ထောက်ပံ့နေ တယ်ဆိုတဲ့ အစီရင်ခံစာတစ်ခုကို သူက ကိုးကားပြီး ပြောဆိုခဲ့တာပါ။

“တရုတ်က ရုရှားကို လက်နက်တွေထောက်ပံ့တဲ့ အချက်အလက်တွေ ကျွန်တော်တို့ ရရှိထားပါ တယ်။ ကျွန်တော်တို့ ဒီကိစ္စကိုဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံက ရုရှားစစ်ပွဲမှာ မကူညီခဲ့ဖူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇီလန်စကီးကို အစော ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တရုတ်ခေါင်းဆောင်နဲ့ စစ်ပွဲကာလအတွင်း စကားပြောဆိုခဲ့ပြီး လက်နက်ကိစ္စ တိုက်ရိုက် မေးမြန်းရာမှာ ရုရှားနိုင်ငံထံ လက်နက်တွေ ရောင်းချခဲ့တာမရှိဘူးလို့ သူက ကျွန်တော့်ကို ပြောဆိုခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဇီလန်စကီးရဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ လ ၁၈ ရက်မှာ ငြင်းဆန်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက အဆိုပါစွပ်စွဲချက်ကို သတင်း စာရှင်းလင်းပွဲမှာ ပယ်ချခဲ့ပြီး တရုတ်နိုင်ငံက မည်သည့်တိုင်းပြည်ထံမဆို စစ်ပွဲကာလမှာ လက်နက်တွေ မရောင်းချခဲ့ဖူးလို့ ပြောပါတယ်။

“ယူကရိန်းအရေးမှာ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က အမြဲ ရှင်းလင်းပါတယ်။ အပစ်အခတ်ရပ်စဲဖို့၊ ပဋိပက္ခအဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အားပေးဖို့ တရုတ်နိုင်ငံက အမြဲ သံန္နိဌာန်ချထား ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

တရုတ်နိုင်ငံက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေး ကြိုးကိုင်ခြယ်လှယ်မှုကို ဆန့်ကျင် ပြီး ရုရှားနိုင်ငံကတင်သွင်းတဲ့ လက်နက်အစိတ်အပိုင်းအများစုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှ ဝယ်ယူခဲ့တယ်ဆိုတာ ယူကရိန်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ လင်ကျန်းက ပြောပါ တယ်။

ကိုးကား – Brussels Signal
Ref; Zelensky claims he has proof of China arming Russia

#Ayeyarwaddy_Times