ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

ပြီးခဲ့တဲ့လ ၂၀ အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းစစ်မျက်နှာပြင်မှာ အသုံးပြုခဲ့တဲ့ အ မြောက်ကျည်ဆံ ၄ သန်းကျော်ကို ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကာလအတွင်း မြောက်ကိုရီးယားနိုင်ငံဟာ ခဲယမ်းမီးကျောက်တွေထည့်ထားတဲ့ ကွန်တိန် နာ အလုံးရေ ၁၅၈၀၀ ကျော် ရုရှားသို့ တင်ပို့ခဲ့ပါတယ်။

အမြောက်ကျည်ဆံတွေ အပါအဝင် ကွန်တိန်နာ ၁၆၀၀၀ နီးပါးကို ရထားနဲ့ ယူကရိန်းနယ်စပ်အ နီး ရုရှားသို့ ပို့ဆောင်ခဲ့ရာ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ရုရှားကို ထောက်ခံမှုအား မီး မောင်းထိုးပြနေပါတယ်။

ယူကရိန်းဘက်မှရရှိတဲ့ အချက်အလက်တွေအရ မြောက်ကိုရီးယားနိုင်ငံက ရုရှားသို့ အမြောက် ကျည်ဆံ ၄ သန်းမှ ၆ သန်းအထိ ပေးပို့ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားစစ်တပ်အတွက် ခဲယမ်းမီးကျောက် အဓိက ရင်းမြစ်တစ်ခု ဖြစ် လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုရှားတပ်ဖွဲ့အချို့ အသုံးပြုတဲ့ ခဲယမ်းမီးကျောက်တွေဟာ မြောက်ကိုရီးယားနိုင်ငံမှ ပို့ဆောင်ခဲ့ တာကို ရိုက်တာသတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားလက်နက်ကြီးတပ်ဖွဲ့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ၁၂၂ မီလီမီ တာနဲ့ ၁၅၂ မီလီမီတာ အမြောက်ကျည်ဆံ ၄ သန်းကျော်ကို ရုရှားသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရုရှားနိုင်ငံရှိ လက်နက်စက်ရုံများက ၂၀၂၄ ခုနှစ်အတွင်း အမြောက်ကျည်ဆံ ၂ သန်းမှ ၂ ဒသမ ၃ သန်းအထိ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ခန့်မှန်းထားပေမယ့် မြောက်ကိုရီးယား လက်နက်ကြီးကျည်တွေက ရုရှားစစ်တပ်အတွက် အဓိက အရေးပါခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူတိုက်ပေးဖို့ တပ်ဖွဲ့ဝင်တွေလည်း စေလွှတ် လျက်ရှိပါတယ်။

ကိုးကား – Kyiv Post
Ref; North Korea Sent Russia Over 4 Million Shells, Fueling Putin’s War in Ukraine

#Ayeyarwaddy_Times