
ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
အိန္ဒိယနိုင်ငံဟာ ယာယီအစိုးရရုံးတွေ တည်ဆောက်ရာမှာ အသုံးပြုမယ့် ဆောက်လုပ်ရေးပစ္စည်း တန်ချိန် ၅၀ ကို မြေငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ လေကြောင်းနဲ့ ပို့ဆောင်လိုက်ပါတယ်။
အဆိုပါ ဆောက်လုပ်ရေးပစ္စည်းတွေကို နေပြည်တော်မှာ အစိုးရဝန်ကြီးဌာနတွေအတွက် ယာယီ ရုံးတွေ တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ ယာယီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန် ထမ်းတွေကို ပြန်လည်ခေါ်ဆောင်ဖို့ အိန္ဒိယလေတပ်မှ လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်ပြီးနောက် အိန္ဒိယနိုင်ငံက တည်ဆောက်ခဲ့တဲ့ ခုတင် ၂၀၀ ဆန့် ယာယီဆေးရုံဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လူနာ ၂၅၀၀ ကျော်ကို ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါတယ်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံဟာ ဆေးဝါး၊ အစားအသောက်၊ အသင့်စား အစားအစာ၊ စောင်၊ ရွက်ဖျင်တဲ၊ ရေသန့်စနစ်၊ သောက်သုံးရေ၊ အဝတ်အထည်အပြင် ယာယီရုံးတွေတည်ဆောက်ဖို့ ဆောက် လုပ်ရေးပစ္စည်းတွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၇၅၀ ခန့် မြန်မာနိုင်ငံသို့ ထောက်ပံ့ခဲ့ပါ တယ်။
အိန္ဒိယနိုင်ငံဟာ မြေငလျင်ကယ်ဆယ်ရေးမှာ ကူညီမယ့် အဖွဲ့ဝင် ၈၀ ဉီးပါ ဘေးအန္တရာယ်ရှာဖွေ ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁၂၇ ဉီးပါ အိန္ဒိယစစ်တပ် ဆေးဘက်အဖွဲ့တွေကို မြန်မာနိုင်ငံသို့ စေ လွှတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စကားပြောဆိုခဲ့ပြီး မြန် မာပြည်သူတွေနဲ့ အတူရပ်တည်မယ့် အိန္ဒိယနိုင်ငံရဲ့ ကတိကဝတ်နဲ့ စိန်ခေါ်မှုကာလအတွင်း ပံ့ပိုးကူညီမှု ဆက်လက်ပြုလုပ်ဖို့ ကတိပြုခဲ့ပါတယ်။
ကိုးကား – India Today
Ref; India sends 20 temporary offices for Myanmar ministries in post-quake support
#Ayeyarwaddy_Times