ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

လူသားချင်းစာနာမှုမစ်ရှင်အဖြစ် မလေးရှားစစ်တပ်မှ ဆေးဘက်အရာရှိတွေကို မြေငလျင်ဘေး သင့် မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ မြန်မာစစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ မလေးရှားစစ် တပ်က ပြောပါတယ်။

ယာယီဆေးရုံတစ်ရုံ တည်ဆောက်မယ့် ကုန်ကျစရိတ်အားလုံး ကျခံဖို့ မလေးရှားအစိုးရက သ ဘောတူခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး မိုဟာမက်ခါလက်နော်ဒင်က ပြောပါတယ်။

မလေးရှား ဆေးဘက်အဖွဲ့က လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး မကြာမီ အဆိုပါအ ဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်မယ်လို့ သူက ဆက်ပြောပါတယ်။

“ယာယီမြေပြင်ဆေးရုံ တည်ဆောက်မယ့်နေရာအတွက် မြန်မာအာဏာပိုင်တွေရဲ့ အတည်ပြု ချက်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်” လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မလေးရှားအစိုးရက မြေငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အဖွဲ့ဝင် ၃၅ ဉီးပါ ဆေးဘက်ဆိုင်ရာအဖွဲ့ တစ်ဖွဲ့ စေလွှတ်မယ်လို့ သူက ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြေငလျင် လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှုမစ်ရှင်အဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ဟာ ဧပြီလ ၅ ရက်မှာ မြန်မာနိုင်ငံသို့ တစ်ရက်ကြာခရီးစဉ် သွားရောက်ခဲ့ပါတယ်။

မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီအဖြစ် ရင်းဂစ် ၁၀ သန်း ထောက်ပံ့ခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မတ်လ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Malaysia awaiting greenlight to send MAF medical officers to Myanmar – Mohamed Khaled

#Ayeyarwaddy_Times