
ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဟာ မြေငလျင်ဘေးသင့် မြန်မာ နိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ပေးလျက်ရှိတယ်လို့ သိရပါတယ်။
မြေငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးမယ့် အသက်ကယ်အကူအညီ တန်ချိန် ၄၀ ခန့် တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ အင်္ဂါနေ့က ဒူဘိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါ တယ်။
UNHCR ရဲ့ အဆိုပါစင်းလုံးငှားလေယာဉ်ဟာ စစ်ဘေးရှောင်ပြည်သူ ၁၆၀၀၀ ခန့်အတွက် ရွက် ဖျင်တဲတွေနဲ့ အိမ်သုံးပစ္စည်းတွေ တင်ဆောင်လာခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဘေး ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အဆိုပါမြေငလျင်ကြောင့် လူ ၃၇၀၀ ကျော် သေဆုံးကာ ၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ရာနဲ့ချီ ပျောက် ဆုံးနေပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း ကလေးငယ် ၂ ဒသမ ၇ သန်း အပါအဝင် ပြည်သူ ၉ သန်းကျော် မြေငလျင် ဘေးသင့်ခဲ့ပါတယ်။
အင်အားပြင်း မြေငလျင်ကြောင့် ကျန်းမာရေးအဆောက်အအုံ ၁၉၀ ကျော်နဲ့ စာသင်ကျောင်း ၂၃၀၀ ကျော် အပါအဝင် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မြေငလျင်ဒဏ်သင့် အသိုင်းအဝိုင်းတွေကိုကူညီဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဒေါ်လာ ၂၇၅ သန်း တောင်းခံထားပြီး ပြည်သူ ၁ ဒသမ ၂ သန်းကို ပံ့ပိုးကူညီဖို့ UNHCR က ဒေါ်လာ ၁၆ သန်း တောင်း ဆိုထားပါတယ်။
ကိုးကား – https://www.ungeneva.org/
Ref; Relief supplies for Myanmar, invest in Haiti, child migrant deaths in Italy
#Ayeyarwaddy_Times