ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

လူထောင်ချီ သေဆုံးကာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံအသိုင်းအဝိုင်းအတွက် လူသားချင်းစာနာ မှု အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံမှာ မြေငလျင်တစ်ခု လှုပ်ခတ်ပြီး နောက် တောင်ကိုရီးယားဘဏ်တစ်ခုဖြစ်တဲ့ NH Nonghyup Bank က ဘေးသင့်ပြည်သူတွေကို ဒေါ်လာ ၇၀၀၀၀ နဲ့ညီမျှတဲ့ ဝမ် သန်း ၁၀၀ လှူဒါန်းမယ်လို့ သိရပါတယ်။

ငွေကြေးကို တောင်ကိုရီးယား ကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းမှာဖြစ်ပြီး အရေးပေါ် ကယ် ဆယ်ရေးပစ္စည်းတွေ၊ ဆေးဝါးအကူအညီတွေအပြင် ငလျင်ဘေးသင့်ဧရိယာတွေ ပြန်လည်တည်ဆောက် ဖို့ သုံးစွဲမယ်လို့ NH Nonghyup Bank က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေးအနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အ ဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ၄၅၀၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

မြေငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ လမ်းမကြီးတွေ ပြိုကျကာ တံတားတွေ ထိခိုက်ခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

လူဉီးရေ ၁ ဒသမ ၆ သန်း နေထိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ခန့် မှန်းထားတဲ့ ငလျင်အဓိက လှုပ်ခတ်ခဲ့ရာဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေ အထူး ဘေးသင့်ခဲ့ပါတယ်။

“မမျှော်လင့်တဲ့ ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ အပါအဝင် မြန် မာပြည်သူတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ မြန်မာပြည်သူတွေရဲ့ဘဝ မကြာမီ ပုံမှန်အခြေ အနေ ပြန်ရောက်မယ်လို့ မျှော်လင့်ပါတယ်” လို့ NH Nonghyup Bank ဥက္ကဌ ကန်တေးယောင်က ပြော ပါတယ်။

NH Nonghyup Bank က တောင်ကိုရီးယားနဲ့ပြည်ပရှိ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွေကို ဆက်လက် ကူညီမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Korea JoongAng Daily
Ref; NH Nonghyup Bank donates $70,000 to Myanmar earthquake relief

#Ayeyarwaddy_Times