သြဂုတ်လ ၂၅ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– ကယန်းဒေသရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၂၃ ကျောင်းတွင်ကျောင်းသား ၁၂၀၀ ကျော်တက်ရောက် သင်ကြားနေ

– ပုသိမ်မှာဆိုင်ကယ်သူခိုး ၂ ဦးကို ပြည်သူတွေဝိုင်းဝန်းဖမ်းဆီရာမှ တစ်ဦးရေထဲခုန်ချသေဆုံး

– စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကို ဖမ်းဆီး

– ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ် ဓါးပြတိုက်ငွေ စစ်အုပ်စုက ပြန်မပေးသေး

– ကောလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး သေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိ

– လှိုင်သာယာ တန်ပိုစစ်ဆေးရေးဂိတ်အနီး ဗုံးနှစ်ကြိမ်ပေါက်

– ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ထောင် ၃ နှစ်ချ

– ရခိုင်ပြည်နယ်အခြေအနေ ဆက်လက်ဆိုးရွားနေ၊ စစ်ဘေးနှင့် ရေဘေး ဒုက္ခသည်များ ထပ်တိုးလာဟု ကုလထုတ်ပြန်

– စစ်တပ်က နတ်မြစ်ရေလမ်းကြောင်းမှတဆင့် မောင်တောမြောက်ပိုင်းသို့ အင်အားဖြည့်တင်း

– ရွာလုံးကျွတ်မီးရှို့နေသည့် စစ်ကောင်စီက နိုင်ငံကို LDC အဖြစ်မှ လွတ်မြောက်ရေး ကော်မတီဖွဲ့ ဆောင်ရွက်နေ