မြိုင်မြို့နယ်ထဲဝင်ရောက်လာတဲ့ ဒု-ဗိုလ်မှူးကြီး ၁ ဦးကို မြိုင် PDF က ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လို့သေဆုံး
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
မကွေးတိုင်း၊မြိုင်မြို့နယ်၊ မြိုင် – ပခုက္ကူကားလမ်းမှာ မြိုင် PDF တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုပြုလုပ်နေတုန်း စစ်ကောင်စီတပ်ရဲ့ ဒု – ဗိုလ်မှူးကြီး ၁ ဦးကို တွေ့ရှိလို့ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြိုင်PDF ဒီကနေ့ သြဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီ ဒု-ဗိုလ်မှူးကြီးကို စစ်ဆေးပြီးတဲ့နောက် PDF ရဲဘော်တွေကို ပြန်လည်ခုခံပြီး ထွက်ပြေးသွားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဒဏ်ရာရရှိ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဒု-ဗိုလ်မှူးကြီးရဲ့ ဓာတ်ပုံမှတ်တမ်းပါ လက်မောင်းဘက် တံဆိပ်တွေအရ စစ်ကောင်စီတပ်ရဲ့ ဧရာဝတီတိုင်းအခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၁ ခုရဲ့ တပ်ရင်းမှူး ၁ ဦးဖြစ်နိုင်တယ်လို့ CDM တပ်မတော်သားတွေကပြောဆိုပါတယ်။
#AyeyarwaddyTimes