မြန်မာ့စီးပွားရေးဘဏ် ဓါးပြတိုက်ငွေ သိန်း ၅၀၀ ကျော် စစ်အုပ်စုက ပြန်မပေးသေး

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဓါးပြတိုက်ချိန်မှာ ဘဏ်ကနေ ငွေကျပ်သိန်း ၅၀၀ ကျော်ပါသွားပြီး အဆိုပါအဖွဲ့ကို စစ်ကောင်စီတပ်သားတွေ လိုက်လံဖမ်းဆီးချိန်မှာ ဖျာပုံသွားတဲ့ ကားလမ်းမပေါ်မှာ ငွေကျပ်သိန်း ၅၀၀ ကျော်ကို ချပြီး ထွက်ပြေးသွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်