ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် မတ် တစ်လတာအတွင်း အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက အရပ်သားများအပေါ်ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခြင်၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မြေမြှုပ်မိုင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကြောင့် အမျိုးသမီး ၆၆ ဦးအထိ သေဆုံးကာ ၈၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

သေဆုံးမှုများတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၅၀ ဦးအထိ သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ၂၄ ဦးမှာ အသက်မပြည့်သေးသူများ ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်လှုတ်ခတ်ပြီးကာလတွင်လည်း အရပ်သားများ အပေါ်ပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ရပြီး ၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး(KNU)
ပုံစာ – စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ

#BWU #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး #အမျိုးသမီး #Ayeyarwaddy_Times