
(မြေငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ တွန်းအားပေးမယ်လို့ ဆို)
ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
ကြာသပတေးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ ယခုနှစ် အာဆီယံအဖွဲ့ အ လှည့်ကျဉက္ကဌအနေနဲ့ လူသားချင်းစာနာမှုကို အခြေခံမှာဖြစ်ပြီး မြန်မာနဲ့အာဆီယံအဖွဲ့ကြား တရားဝင် ထိတွေ့ဆက်ဆံမှုတွေ ဆက်ရှိမှာမဟုတ်ဖူးလို့ ၎င်းက ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကို အပြုသဘောဆောင်စွာ တုံ့ပြန်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျေးဇူးတင်ပါတယ်။ ဧပြီလ ၁၇ ရက် သူနဲ့တွေ့ဆုံချိန်မှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ကျွန်တော် တွန်းအားပေးသွားပါမယ်” လို့ သူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချမှုကြောင့် ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့တာပါ။
မြေငလျင် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့် သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို တိုက်ခိုက်မှုတွေ ရပ်တန့်မယ့် ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်စေလိုပြီး အဆိုပါကတိကဝတ် လိုက်နာဖို့ပျက်ကွက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဒေသ တွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
မလေးရှားစစ်တပ်က တည်ဆောက်တဲ့ ယာယီမြေပြင်ဆေးရုံတစ်ခုမှတစ်ဆင့် မလေးရှားနိုင်ငံက မြေငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ဆက်ပေးမယ်လို့ အန်ဝါအီဘရာ ဟင်က ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ဒီလအစောပိုင်းက ဗန်ကောက်မြို့မှာကျင်းပတဲ့ ဘင်းစတက်ခ် ထိပ်သီးအ စည်းအဝေးကို တက်ရောက်ခဲ့ရာ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာရဲ့ ရှောင်ကြဉ်ခံထားရတဲ့ သူ့အ တွက် ရှားပါး ပြည်ပခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Malaysian PM says to meet Myanmar junta head in Bangkok
#Ayeyarwaddy_Times