
ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု ပကတိအခြေအနေကို လာရောက်ကြည့်ရှုဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ လူ ၃၄ ဉီး သေဆုံးပြီး ၁၁၉ ဉီး ဒဏ်ရာရရှိပြီးနောက် ဇီလန်စကီးက အခုလို တောင်းဆိုခဲ့တာပါ။
ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တနင်္လာနေ့မှစပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းဖွယ်ရာ ၃ ရက် ကျင်းပမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေါ်နယ်ထရမ့်ကို ယူကရိန်းနိုင်ငံသို့ လာရောက်လည်ပတ်ဖို့ CBS ရုပ်သံဌာနရဲ့ မိနစ် ၆၀ ကြာ ထုတ်လွှင့်မှုမှာ ဇီလန်စကီးက တောင်းဆိုခဲ့ပါတယ်။
“ဘယ်လို ဆုံးဖြတ်ချက်မျိုး၊ စေ့စပ်ညှိနှိုင်းမှုမျိုးမဆို မပြုလုပ်မီ ပြည်သူတွေ၊ အရပ်သားတွေ၊ စစ် သားတွေ၊ ဆေးရုံတွေနဲ့ သေဆုံးတဲ့ ကလေးငယ်တွေကို လာကြည့်လှည့်ပါ” လို့ သူက ပြောပါတယ်။
ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ အမှားအယွင်းတစ်ခုဖြစ်ပြီး ကြောက်မတ်ဖွယ်ရာအခြေအနေ တစ်ခုလို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့အခြေအနေကို သိနားလည်တယ်လို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Zelenskyy calls on Trump to come see the devastation in Ukraine
#Ayeyarwaddy_Times