ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

မတ်လ ၂၈ ရက် မြေငလျင်ဘေးသင့်သူတွေကို အကူအညီပေးမယ့် ဒုတိယအသုတ် ဂျပန်ဆေး ဘက်ဆိုင်ရာအဖွဲ့ဟာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး ၁၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။

မြေငလျင်ဘေးသင့်ဒေသတွေရှိ ဆေးရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးဝါးပစ္စည်းတွေ ပြတ်လပ်ခဲ့ တယ်လို့ သိရပါတယ်။

မြေငလျင်ဒဏ်သင့် ပြည်သူ ၅၀၀၀၀၀ ကျော်ဟာ လိုအပ်တဲ့ ဆေးဝါးကုသမှု မရရှိသေးဘူးလို့ ကု လသမဂ္ဂအဖွဲ့က ခန့်မှန်းပါတယ်။

ဂျပန်နိုင်ငံမှ အဖွဲ့ဝင် ၃၇ ဉီးပါ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဟာ တနင်္ဂနွေနေ့က ရန်ကုန် မြို့ရှိ လေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။

ဂျပန်ကယ်ဆယ်ရေးအဖွဲ့ဟာ ဖြစ်နိုင်သမျှ မြေငလျင်ဒဏ်သင့် ပြည်သူများစွာကို ပံ့ပိုးပေးချင် တယ်လို့ အဖွဲ့ခေါင်းဆောင် အိုင်ကေးဒါနာအိုယာက ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ မန္တလေးမြို့မှာ ယာယီဆေးခန်းတစ်ခု တည်ဆောက်ကာ ဧပြီလ ၄ ရက်ကတည်းက ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေပါတယ်။

ယခုရောက်ရှိလာတဲ့ ဂျပန်ကယ်ဆယ်ရေးအဖွဲ့ဟာလည်း မန္တလေးမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Japan’s second medical team arrives in quake-hit Myanmar

#Ayeyarwaddy_Times