
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေဖို့ အခွင့်အရေးတွေ များပြားတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောပါတယ်။
မကြာသေးမီက ဗန်ကောက်မြို့မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အဆိုပါစိတ်ကူးကို စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
၆ ကြိမ်မြောက် ဘင်းစတက်ခ် ထိပ်သီးဆွေးနွေးပွဲ ဘေးပန်းအဖြစ် မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ တယ်လို့ အာဆီယံဉက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အကြံပေးဖြစ်သူ သက်ဆင်က ဆို ပါတယ်။
“မြန်မာစစ်ကောင်စီက တွေ့ဆုံဆွေးနွေးရေး သဘောတူဖို့များပြီး ကျွန်တော်တို့ ဆွေးနွေးမှု အ ဆင်ပြေချောမွေ့စေဖို့ ဆန္ဒရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျွန်တော်တို့စကား နား ထောင်ခဲ့ပြီး ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်သွားမှာပါ” လို့ သက်ဆင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိတာနဲ့ ထိုရည်မှန်းချက်အတွက် ပထမခြေလှမ်းဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အရေးပါတာကို မင်းအောင်လှိုင်နဲ့ သူက ဆွေးနွေးခဲ့ပါတယ်။
“ကျွန်တော်တို့ ဘယ်ဘက်နဲ့မှ မပေါင်းပါဘူး။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ စတင်မယ့် ဖိုရမ်တစ် ခု ဖန်တီးပေးချင်ယုံပါ” လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ နိုင်ငံရေးအကျဉ်း သားတွေ အရင်ဆုံး မလွှတ်ပေးသရွေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်မှာမဟုတ်ဖူးလို့ သက်ဆင်က ယုံကြည်တာကြောင့် အဆိုပါကိစ္စကို မဆွေးနွေးခဲ့ပါဘူး။
ကိုးကား – Bangkok Post
Ref; Thaksin says Myanmar peace a possibility
#Ayeyarwaddy_Times