ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ရက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ထိန်းချုပ်ကျေးရွာများကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၁၃ရက်နေ့တွင် ကျောက်ဖြူ- ရန်ကုန်အသွားလမ်းရှိ အမှတ်( ၃၂)ရဲတပ်ရင်းအနီးရှိ အာရက္ခတပ်​ေတာ် (AA) ထိန်းချုပ်လိုက်သော ကျေးရွာများတွင်တပ်စွဲထားသည့် စစ်ကောင်စီစခန်းများထံ ပြန်လည် စစ်ကြောင်းထိုးလာကြောင်း သိရသည်။

“AAထိန်းချုပ်ရွာတွေကို စစ်တပ်ကပြန်စစ်ကြောင်းထိုးတာ။ စစ်ကြောင်းပြန်လန်ကြကုန်တယ်ကြားရတယ်။ အဲဒီ့စစ်ကြောင်းပျက်ရင် ရဲတပ်ရင်း အတိုက်ခံရပြီ။ ရဲတပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကျသွားတယ်ပြောတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၉ရက်က ပြင်ရှည်ကျေးရွာရှိ AA သိမ်းပိုက်ထားသည့် ၎င်းတို့၏စစ်ကောင်စီစခန်းကို ပြန်လည်ရရှိရန်စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ ပြိုင်စေ့ကေကျေးရွာ ၊ နှမ်းဖဲတောင်နှင့် ပြင်ရှည်ကျေးရွာတို့တွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ရက်နေ့မှစ၍ AA ထိန်းချုပ်ရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ နေ့စဥ် တိုက်ပွဲပြင်းထန်​ေနပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် တိုက်ခိုက်လျက်ရှိသည်။

AA စည် ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့မှ လကုန် ဧပြီ ၃၀ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီကလည်း သံုးပတ်ကြာ အပစ်ရပ်ကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ချက်ကို ချိုးဖောက်ကာကျောက်ဖြူမြို့နယ်အတွင်း ဆုံးရှုံးခဲ့ရသည့် စခန်းများကို ပြန်လည်ထိုးစစ်ဆင်ကာ ရေတပ်မှလက်နက်ကြီးများ၊ ဒရုန်းဗုံးများသုံး၍ တိုက်ပွဲဖော်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ကျောက်ဖြူ #ဆုံးရှုံးနယ်မြေ #စစ်ကောင်စီ #ကြည်းရေလေ #စစ်ကြောင်းထိုး #Ayeyarwaddy_Times