ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

အဖွဲ့ဝင် ၃၅ ဦးပါ မလေးရှားစစ်တပ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို မြေငလျင်ဘေးသင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုမစ်ရှင်အဖြစ် စေလွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီး မိုဟာမက်ခါ လက်နော်ဒင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယာယီဆေးရုံတစ်ရုံ တည်ဆောက်ဖို့ မလေးရှားအစိုးရက မူအားဖြင့် သဘောတူ ပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ဆေးဘက်ဝန်ထမ်း ၃၅ ဉီး စေလွှတ်မှာဖြစ်ပြီး စေလွှတ်မယ့်ရက် ကို စီစဉ်နေပါတယ်။ ယာယီဆေးရုံတွေ တည်ဆောက်ဖို့စီစဉ်နေတဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ပြုလုပ်သွားပါမယ်” လို့ သူက ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍမှ စွမ်းဆောင်ရည်မြှင့်တင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားအစိုးရက မြန်မာဆေးဘက်အဖွဲ့တွေကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယာယီးဆေးရုံရဲ့တည်နေရာက ဘေးကင်းလုံခြုံပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုမရှိ တဲ့နေရာဖြစ်စေဖို့ မလေးရှားအစိုးရက မြန်မာစစ်ကောင်စီကို တောင်းဆိုမယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ ပဋိပက္ခအခြေအနေကို အကဲဖြတ်ပါမယ်။ ကျွန်တော်တို့ ယာယီဆေးရုံ တည် ဆောက်တဲ့နေရာက ဘေးကင်းယုံသာမက ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကလည်း အာမခံမှုရှိဖို့ မျှော်လင့်ပါတယ်” လို့ မိုဟာမက်ခါလက်နော်ဒင်က ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အတည်ပြုချက် ရရှိပြီးနောက် မြန်မာနိုင်ငံမှာ ယာယီဆေးရုံတစ်ရုံ တည်ဆောက်ဖို့ မလေးရှားအစိုးရက မူအားဖြင့် သ ဘောတူခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ကိုးကား – The Sun
Ref; M’sia to deploy 35 military medical officers to earthquake-hit Myanmar – Defence Minister

#Ayeyarwaddy_Times