
ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ မြေငလျင်ကယ်ဆယ်ရေးမှာ ကူညီဖို့ စနေနေ့က တတိယအသုတ် ကယ်ဆယ်ရေးသမားတွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရ တော်ဝင် ထိုင်းစစ်တပ်ကို ဘေးအန္တရာယ်ကယ်ဆယ်ရေးမှာ ဉီးဆောင်ဖို့နဲ့ မြန်မာ နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ တတိယအသုတ် ကယ်ဆယ်ရေးအဖွဲ့မှာ တော်ဝင်ထိုင်းစစ်တပ်မှ အရာရှိ ၁၇ ဉီးနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင် ၃၀ ဉီး ပါဝင်ပါတယ်။
မြန်မာ့မြေငလျင်ဘေးမှာ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကျေးဇူးတင်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက် တာ အိုပက်စ်ကန်ကာဝီပေါင်က ပြောကြားခဲ့ပြီး အဆိုပါဆောင်ရွက်မှုက ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာ မှုမစ်ရှင်ကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။
အဓိကမစ်ရှင်မှာ မြေငလျင်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ မြန်မာ အာဏာပိုင်တွေကို ကူညီဖို့နဲ့ ပြန်လည်တည်ဆောက်ရေးမှာ ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဆေးဘက်ဆိုင်ရာအဖွဲ့ဟာ ဝေးလံခေါင်ဖျားဒေသရှိ ပြည်သူ ၁၆၀ ဉီးကို ကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်ပေးကာ အင်ဂျင်နီယာအဖွဲ့က ယာယီနေစရာတွေ၊ မီးအားစနစ်တွေနဲ့ ဆက်သွယ် ရေးစနစ်တွေ တည်ဆောက်ခဲ့ပါတယ်။
ဧပြီလ ၁၀ ရက်အထိ မြန်မာနိုင်ငံမှာ မြေငလျင်ကြောင့် လူ ၃၆၀၃ ဉီး သေဆုံးကာ ၁၄၁ ဉီး ပျောက်ဆုံးနေပြီး ၄၈၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လူ သားချင်းစာနာမှု အကူအညီ ညှိ နှိုင်းဆောင်ရွက်ရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀ ဉီး သေဆုံးခဲ့ပြီး ၃၈ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Bangkok Post
Ref; Thailand sends third humanitarian team to Myanmar
#Ayeyarwaddy_Times