
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁၄ ရက်
တနင်္သာရီ တိုင်း ၊ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက် တွင် ယမန်နေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ရေပက်သူနည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ ယနေ့ သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်တွင်လည်း ကံပေါက်၌ ကလေးမှလွဲ၍ လူကြီးများမရှိသလောက်ရေကစားသူ နည်းပါးကြောင်းသိရသည်။
“ဒီနေ့ မနက်ပိုင်းမှာတော့ ရေကစားတဲ့ သူတွေ သိပ်မရှိသေးဘူးပေါ့လေ။ ညနေပိုင်းလောက်ဆို ရင် တော့ ရေကစားတဲ့ လူကြီးတွေ ရှိမရှိတော့မပြောတတ်သေးဘူး”လို့ ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကံပေါက်ရှိ ရပ်ကွက်များအတွင်းတွင် အုန်းလက်သင်္ကြန်မဏ္ဍပ် အနည်းငယ်သာ ဆောက်လုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ -ယနေ့ သင်္ကြန်အကျနေ့တွင် မြင်တွေ့ရသောကံပေါက်။
#ကံပေါက် #သင်္ကြန်အကျနေ့ #ရေကစားသူနည်းပါး #Ayeyarwaddy_Times