ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

ယာယီအပစ်ရပ်သည်ဟု ထုတ်ပြန်ထားသည့် စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့တွင် ကောလင်းမြို့ နယ်ရှိ ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း သိရသည်။

ကောလင်းမြို့နယ်ရှိ ကုက္ကိုလ်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာများကို ယနေ့ ဧပြီ ၁၃ ရက် နေ့လည် ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွား ကြောင်း Kawlin Revolution KR ထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ဂျက်ဖိုက်တာသည် ကန့်ဘလူမြို့နယ် အရှေ့ခြမ်း ကိုဖြတ် ၍ တောင်ဘက်သို့ပြန်လည်ဆင်းသက်သွားကြောင်း သိရသည်။

“ကောလင်းမှာတိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်နေတာ သုံးရက်ရှိပြီ။ လူထိခိုက်သေဆုံးမှု တွေလည်း ရှိတယ်။ ကုက္ကိုလ်ကုန်းဘက်ပစ်သွားတာ။ ထိခိုက်သေ ဆုံးမှုစာရင်းကို စုံစမ်းနေတုန်းပဲ”ဟု ကောလင်းဒေသ ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း ကောလင်းမြို့ နယ် တောင်ဘို့လှကျေးရွာအနီးရှိ လျှော်ဖြူကုန်းကျေး ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်မှ စစ်ရှောင် လာသည့် အမျုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တစ်နေ့တည်းတွင်ပင် သဲချောင်းကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနေနာက် ဧပြီ ၁၀ ရက်နေ့တွင် ကောလင်းမြို့ အင်ပင်လှကျေးရွာကို ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယနေ့ ဧပြီ ၁၃ ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုလည်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#စစ်ကိုင်း #ကောလင်း #ကျေးရွာ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times