
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
တရုတ်နိုင်ငံရဲ့ အမေရိကန်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်း သတ်မှတ်မှုဟာ ကြာသပတေးနေ့မှာ အာဏာတည်ခဲ့ပြီး ပေကျင်းက အမေရိကန်ကုန်စည်တွေအပေါ် ဂဏန်းသုံးလုံးအ ထိ စည်းကြပ်ခွန်နဲ့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် လက်တုံ့ပြန် စည်းကြပ်ခွန် တိုးမြှင့်မှုဟာ ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပါတယ်။
သို့သော်လည်း နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်တိုးတာကို ရက် ၉၀ အထိ ရွှေ့ ဆိုင်းခဲ့ပြီး ကမ္ဘာ့နိုင်ငံ ၇၅ ခုက ကုန်သွယ်ရေး သဘောတူညီချက်သစ်ကို စေ့စပ်ညှိနှိုင်းဖို့ အဆင့်သင့်ရှိနေ တယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်တိုးမြှင့်မှု ရွှေ့ဆိုင်းတာမှာ တရုတ်နိုင်ငံကို ချန်လှပ်ထားခဲ့ပြီး တ ရုတ်အပေါ် ၁၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန် တိုးမြှင့်ခဲ့ပါတယ်။
ကုန်သွယ်ရေးပဋိပက္ခ အရှိန်မြှင့်လာသောကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ ကန့် ကွက်ခဲ့တယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပြီး အမေရိကန်နိုင်ငံရဲ့ စည်းကြပ် ခွန်ဟာ WTO စည်းမျည်းတွေကို ချိုးဖောက်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုက အမှားတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; China strikes back with 84% tariff on US imports on Thursday
#Ayeyarwaddy_Times