ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကို အ ပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ ကုလသမဂ္ဂအဖွဲ့က တောင်းဆိုခဲ့ပြီး မြေငလျင်ဘေးသင့် မြန်မာနိုင်ငံ မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ကို ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေရှိ အသက်ရှင်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးမှုတွေကို ပိတ်ပင်မှုအား ကု လသမဂ္ဂအဖွဲ့က သောကြာနေ့မှာ ဝေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ဧပြီလ ၂ ရက်မှာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် တိုက်ခိုက်မှု အ ကြိမ်ရေ ၁၂၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာဆမ်ဒါဆာနီက ပြောပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့် အပါအဝင် အာဏာ သိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာဖို့ မြန်မာစစ်တပ်ကို ၎င်းက တောင်းဆိုခဲ့ပါတယ်။

“ရိုးရာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကူးဟာ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်လို့ အကူအညီ အလိုအပ် ဆုံးသူတွေိကို ကူညီပေးဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့် အပါအဝင် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို အပြည့်အ ဝ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာဖို့ မြန်မာစစ်တပ်ကို တောင်းဆိုပါတယ်” လို့ သူက ဆိုပါ တယ်။

လူသားချင်းစာနာမှု အကူအညီပေးအပ်မှုမှာ ဟန့်တားမှုမှန်သမျှ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်တပ်ကို တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာတပ်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတွေကို အကူအညီလိုအပ်သူတွေထံ သွားရောက်ခွင့်ပြုဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ၎င်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ တော်လှန်ရေးတပ်ဖွဲ့တေွ ထိန်းချုပ်ထားရာနယ်မြေတွေကို တိုက်ခိုက်မှုတွေနဲ့ မြေငလျင်မှာ အသက်ရှင်သူတွေထံ အကူအညီပေးမှုအပေါ် နှောက်ယှက်တာ ရပ်ဆိုင်းရေး တွန်းအားပေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက လုံခြုံရေးကောင်စီ ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးတွေ နှစ်ဆတိုးခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေး ကြေညာပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ အခြေအနေတွေကို သိသာစွာ ဆိုးလာစေခဲ့တယ်လို့ ၎င်းက ဆက်ပြောပါ တယ်။

“မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီး စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုအပေါ် နှောက်ယှက်တာ အဆုံးသတ်ရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးတကြီး စဉ်းစားသင့်ပါ တယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Independent
Ref; UN calls on Myanmar junta to release Aung San Suu Kyi and respect earthquake recovery ceasefire

#Ayeyarwaddy_Times