ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ဂျပန်နိုင်ငံက ယနေ့ မြန်မာနိုင်ငံသို့ ဒုတိယအသုတ် ဆေးဘက်ဆိုင် ရာအဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး တာကေးရှိအိုင်ဝါယာက ပြောပါတယ်။

အဖွဲ့ဝင် ၃၇ ဉီးပါ ဆေးဘက်ဆိုင်ရာအဖွဲ့အပြင် ဂျပန်အစိုးရက မန္တလေးမြို့သို့ ဖိုင်ဘာရေကန်၊ ရွက်ဖျင်တဲလိုမျိုး ထပ်တိုး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်မယ်လို့ သောကြာနေ့က သတင်း စာရှင်းလင်းပွဲမှာ အိုင်ဝါယာက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ဆရာဝန်တွေ၊ သူနာပြုတွေပါဝင်တဲ့ အဖွဲ့ဝင် ၃၂ ဉီးပါ ပထမအသုတ် ဆေးဘက် ဆိုင်ရာအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေ တင်ဆောင်လာတဲ့ ဂျပန်စစ်တပ်ပိုင် သယ်ယူပို့ ဆောင်ရေးလေယာဉ်တစ်စင်းကို မြန်မာနိုင်ငံသို့ စေလွှတ်ကာ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ခဲ့ပါ တယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။

ပဋိပက္ခဖြစ်ပွားနေချိန်မှာ အပစ်အခတ်ရပ်စဲတာဟာ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု အဆင်ပြေချောမွေ့ဖို့ အရေးပါတယ်လို့ အိုင်ဝါယာက ပြောပါတယ်။

ကိုးကား – Kyodo News
Ref; Japan to send 2nd medical team to quake-hit Myanmar on Saturday

#Ayeyarwaddy_Times