ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

အာဆီယံအဖွဲ့ဟာ လူသားချင်းစာနာမှု အကူအညီပေးရာမှာ မြန်မာစစ်ကောင်စီနဲ့ လက်တွဲ ဆောင်ရွက်ကာ လက်ရှိ အကျပ်အတည်းတွေကို ဖြေရှင်းပြီး ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာ သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

သေဆုံးသူ ၃၆၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် မြန်မာ နိုင်ငံသို့ အကူအညီပေးရာမှာ လက်တွဲဆောင်ရွက်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကို ကျေးဇူးတင်ရှိ တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စရပ်တွေ ဆွေးနွေးရာမှာ မြန်မာစစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့ပါတယ်” လို့ ၎င်း က ဆက်ပြောပါတယ်။

မြေငလျင်ဘေး အကူအညီပေးရေးနဲ့ပတ်သက်လို့ လက်တွဲဆောင်ရွက်သင့်တယ်ဆိုတာ ကျွန် တော်က မိတ်ဆွေအားလုံးကို အကြောင်းကြားခဲ့ပါတယ်” လို့ ဧပြီလ ၁၀ ရက်ကကျင်းပတဲ့ ၁၂ ကြိမ် မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများ အစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ အန်ဝါအီဘရာဟင်က ပြောပါတယ်။

မလေးရှား ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ အန်ဝါအီဘရာဟင်က ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင် ချင်နဲ့ မကြာသေးမီက ဖုန်းပြောဆိုမှုမှာ အဆိုပါကိစ္စကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော အဖြေတစ်ခုရရှိရေး အာဆီယံအဖွဲ့က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ ၎င်းတို့နှစ်ဉီးက သ ဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။

အဆိုပါအဖြေက လူသားချင်းစာနာမှု အခြေခံမူတွေ၊ ဒေသတွင်း တည်ငြိမ်မှုရှိရေး ရည်မှန်းချက် နဲ့ ကိုက်ညီတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – The Sun
Ref; ASEAN should start engagement with Myanmar for peaceful, inclusive resolution – PM Anwar

#Ayeyarwaddy_Times