ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရစာရင်းစစ်ရုံး ပြိုကျမှုထားသည့် အဆောင်အအုံမှ ယနေ့ဧပြီ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဖုန်းမီးဖြင့် အချက်ပြမှု တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

ပြိုကျနေသည့် အဆောက်အအုံမျက်နှာပြင်အောက် သုံးမီတာ အကွာတွင် ဖုန်းမီးအလင်းရောင် တွေ့ရှိခြင်းဖြစ်ပြီး ကယ်ဆယ်ရေးသမားများက မီးအဖွင့်အပိတ်ဖြင့် အချက်ပြရန် ပြောဆိုသည့်အခါ မီးအဖွင့်၊ အပိတ်လုပ်ပြခဲ့ကြောင်းသိရသည်။

အချက်ပြမှုတွေ့ရှိသည့် ဇုံဘီ နေရာသို့ အနီအောက် ရောင်ခြည်သုံး စက်ကိရိယာများဖြင့် ကြည့်ရှုရာတွင် ခန္ဓာကိုယ် နှစ် ခုကို တွေ့ရှိခဲ့ပြီး အသက်ရှင်နိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ ရှိ‌နေသည်ဟု ကယ်ဆယ်ရေး သမားများက မျှော်လင့်နေကြသည်။

လက်ရှိတွင် ကယ်ဆယ်ရေးသမားများက အဆိုပါ လူရှိနိုင်သည့်နေရာများသို့ အောင်ဆီဂျင်များ ပို့လွှတ် နေပြီး ကယ်ဆယ်နိုင်ရန်အပြင်းအထန်ကြိုးစားနေကြောင်းသိရသည်။

ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် အစိုးရစာရင်းစစ် အဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ ၂၅ ဦးအထိတိုးလာပြီး ထိခိုက်ဒဏ်ရာရသူ ကိုး ဦးအထိရှိကာ ပျောက်ဆုံးသူ ၆၉ ဦးရှိအနက် အများစုမှာ မြန်မာအလုပ်သမားများဖြစ်ကြောင်း သိရသည်။

ကိုးကား – Khaosod English
ဓာတ်ပုံ – The Nation Thailand
#ဘန်ကောက် #ပြိုကျအဆောက်အအုံ #ဖုန်းမီးဖြင့်အချက်ပြ #Ayeyarwaddy_Times