
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ မစတင်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေးအင်အား အသုံးပြုမယ့် ခြိမ်းခြောက်မှုတွေနဲ့ ဖိ အားပေးမှု တိုးမြှင့်လိုက်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရာဂါချီနဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့ဟာ စနေနေ့မှာ အိုမန်နိုင်ငံ၌ တွေ့ဆုံမှာဖြစ်ပါတယ်။
“ကျွန်တော် အများကြီး မတောင်းဆိုပါဘူး။ အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်လို့ မ ရပါဘူး” လို့ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နိုင်ငံကို ဖိအားပေးဖို့ စစ်ရေးအင်အား လိုအပ်ရင် စစ်ရေးအင်အားကို အသုံးပြုသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလက်နက် မပိုင်ဆိုင်ရအောင် အမေရိကန်နိုင်ငံက အင်အားအသုံးပြု မယ်လို့ သူက ဆိုပါတယ်။
အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမှု စတင်လာရင် အစ္စရေးနိုင်ငံက အရေးပါတဲ့ အခန်း ကဏ္ဍမှ ပါဝင်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Trump threatens to use military force to block Iran’s nuclear program
#Ayeyarwaddy_Times