
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ကျေးရွာက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၁၀ ရက်နေ့တွင် သေဆုံခဲ့သည့် အုပ်ချုပ်ရေးမှူးမှာ ငါးကျီးထူကျေးရွာအုပ်စု၊ ဆင်နှစ်ကောင်ကျေးရွာမှ ဦးလှကြိုင်ဖြစ်ပြီး ဆင်နှစ်ကောင်ကျေးရွာဒေသခံလူငယ်နှစ်ဦးကို စစ်ဆေးမေးမြန်မည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“မြို့နယ် အစည်းအဝေးက ပြန်လာချိန်မှာ အပစ်ခံရပြီး ရန်ကုန်ပို့တာ လမ်းတင်သေသွားတယ်။ သူ့ကြောင့်ထွက်ပြေးရတဲ့သူတွေလဲ မနည်းဘူး။ အခုလည်းဖမ်းဆီးခံရတာက သူတို့နဲ့မတည့်တဲ့သူတွေ။ ရွာမှာနောက်ထပ်လည်း ထပ်ပြီးဖမ်းအုံးမှာ။ အခုသေတဲ့ အုပ်ကြီးရဲ့ သားကလည်း အတော်ဆိုးတယ်”ဟု ငါးကျီးထူကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အတွက် လူငယ်နှစ်ဦး ဖမ်းဆီးသွားသည့်အပြင် ကျုံပျော်မြို့နယ်အတွင်း မသင်္ကာသည့် လူငယ်များကိုပါ စစ်ဆေးလျှက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဦးလှကြိုင်
#ကျုံပျော် #ရပ်ကျေးအုပ်ချုပ်ရေးမှူး #သေနတ်ဖြင့်ပစ်ခတ်ခံရ #သေဆုံး #လူငယ်နှစ်ဦး #စစ်ကောင်စီကဖမ်းဆီး
#Ayeyarwaddy_Times