
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် သင်္ကြန်ပွဲ ကျင်းပခြင်းမရှိသော်လည်း အုပ်ချုပ်ရေးနှင့်ရဲများက လုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ရေကစားမဏ္ဏပ်နှင့် ဖျော်ဖြေရေးများပြုလုပ်ခြင်းမရှိသော်လည်း စတုဒီသာကျွေးရန် အတွက် တိုင်းစစ်ကောင်စီမှညွှန်ကြားထားသောကြောင့် ယခုကဲ့သို့ အလှူငွေများ လိုက်လံကောက်ခံနေကြောင်း သိရသည်။
“ရာအိမ်မှုးတွေက တစ်အိမ်ဘယ်လောက်ဆိုပြီးသတ်မှတ်လို့ထည့်ရတယ်။ စတုဒီသာကျွေးဖို့ဆိုတော့ အလှူလို့ပဲသဘောထားလိုက်ပါတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ငပုတောမြို့နယ်တွင်လည်း သကြ်န်အတွက်ဟုဆိုကာ စခန်းမှူးမှဦးဆောင်ပြီး သစ်စက်များကို တစ်သိန်းနှုန်းကောက်ခံခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီမှ ကျင်းပရန် တည်ဆောက်ထားသော သင်္ကြန်မဏ္ဍပ် များကို ဧပြီ ၅ရက်နေ့မှစတင်ပြီး ပြန်လည်ဖျက်သိမ်းပြီးနောက် မြို့တော်ခန်းမရှေ့တွင် စတုဒီသာကျွေးရန် မဏ္ဍပ်တစ်ခုပြန်လည်တည်ဆောက်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
#ဧရာ၀တီတိုင်း #သင်္ကြန် #ရဲနှင့်အုပ်ချုပ်ရေး #အလှူခံ #Ayeyarwaddy_Times