(တရုတ်နိုင်ငံသား ၁၅၀ ကျော် ရုရှားအတွက် ကူတိုက်ပေးနေဟု ဇီလန်စကီး ဆို)

ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

ရုရှားနိုင်ငံအတွက် တိုက်ခိုက်ပေးနေတဲ့ တရုတ်အမျိုးသားနှစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရှင်းလင်းချက် တောင်းဆိုထားတယ်လို့ ပြောပါ တယ်။

ယူကရိန်းတပ်ဖွဲ့တွေက တရုတ်အမျိုးသားနှစ်ဦးကို အရှေ့ပိုင်းရှိ ဒွန်းနတ်စ်ဒေသမှာ အကျဉ်း သားအဖြစ် ဖမ်းဆီးမိခဲ့တာလို့ အင်္ဂါနေ့က ကိယက်ဗ်မြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇီ လန်စကီးက ဆိုပါတယ်။

“တရုတ်နိုင်ငံသားတွေဟာ ယူကရိန်းပိုင်နက်မှာ တိုက်ခိုက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တဲ့ အရေးကြီးအချက်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းပဋိပက္ခ အခြေအနေကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ၎င်းက ထောက်ပြပါတယ်။

ရုရှားတပ်ဖွဲ့တွေမှာ တရုတ်နိုင်ငံသားများစွာ ရှိနေတယ်ဆိုတဲ့ အချက်အလက်တွေ သူ့မှာရှိတယ် လို့ ဇီလန်စကီးက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်း ထောက်လှမ်းရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဟာ ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက် ကြေညာမှုကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒ ရေဆိုင်ဘီဟာက မေးခွန်းထုတ်ခဲ့ပြီး ယခုဖြစ်စဉ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ ဝင်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ ယူကရိန်းနိုင်ငံရှိ တရုတ် ယာယီ သံရုံးတာဝန်ခံကို ဆင့်ခေါ်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံသား ၁၅၀ ကျော် ရုရှားနိုင်ငံအတွက် ကူတိုက်ပေးနေတယ်လို့ ဇီလန်စကီးက ပြောပါ တယ်။ တရုတ်နိုင်ငံသားတွေဟာ ရုရှားမှာ တစ်လ သို့မဟုတ် နှစ်လခန့် လေ့ကျင့်မှုခံယူပြီးနောက် တိုက် ခိုက်ရေးမှာ ပါဝင်နေတာလို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Chinese men caught fighting for Russia

#Ayeyarwaddy_Times