
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၀ ရက်
ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် အာရက္ခတပ်တော် (AA) ၏ (၁၆) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNDAA)တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါသဝဏ်လွှာတွင် မိမိတို့ MNDAA ၊ TNLA ၊ AA ညီနောင်မဟာမိတ် သုံး ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ခဲ့ပြီး ၁ဝ၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသော ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြပါမည်ဟု အလေးအနက် ကတိပြုကြောင်း ဖော်ပြထားသည်။
အာရက္ခလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာရက္ခအိမ်မက်ကို မရပ်မနားကြိုးပမ်း အကောင် အထည်ဖော်ကြသည့် အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များနှင့် နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင် ကြသည့် ရက္ခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကာ နိုင်ငံရေးရည်မှန်းချက်သည် ရက္ခိုင်သား တို့၏ လက်ထဲသို့မကြာမီအချိန်တွင် မုချမသွေရောက်ရှိတော့မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
ထို့ပြင် မိမိတို့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံး ဖွဲ့မှ ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့များ၊ နွေဦး တော်လှန်ရေးအင်အားစုများနှင့်အတူ အကောင်အထည်ဖော်လိုက်သည့် “၁၀၂၇ စစ်ဆင်ရေး” သည် မြန်မာပြည် လက်နက်ကိုင်တော်လှန် ရေး၏ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြု စစ်ဆင်ရေးဖြစ်လာခဲ့ပြီး တော်လှန်ပြည်သူများအားလုံး၏ ထောက်ခံမှုနှင့်အတူ တော်လှန်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်မည့် ခြေလှမ်း များဖြစ်သည်ဟု ညီနောင်မဟာမိတ် အဖွဲ့ဝင် MNTJP/MNDAA နှင့် PSLF/TNLA က ဆိုထားသည်။
#AAနှစ်ပတ်လည်နေ့ #သဝဏ်လွှာ #တော်လှန်ရေးအောင်ပွဲ #ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ် #MNDAA #TNLA #ကတိပြု #Ayeyarwaddy_Times