ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ စည်းကြပ်ခွန်မူဝါဒနဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ မှတ်ချက်စကားကို လက်တုံ့ပြန်မှုအဖြစ် တန်ပြန်အစီအမံတွေ လုပ်ဆောင်ဖို့ရည်ရွယ်တယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

“တရုတ်နိုင်ငံက မနက်ဖြန်မှာ အမေရိကန်ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၃၄ ရာခိုင်နှုန်း မ ရုတ်သိမ်းရင် အမေရိကန်နိုင်ငံက ဧပြီလ ၉ ရက်ကစပြီး တရုတ်ကုန်စည်တွေအပေါ် ထပ်တိုး စည်းကြပ် ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်မယ်” လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ လူမှုကွန်ရက်၌ ပြောပါတယ်။

တရုတ်နိုင်ငံဟာ မိမိရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ့် တန်ပြန် အစီအမံတွေ သေချာပေါက် လုပ်ဆောင်မယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တန်ပြန်အစီအမံတွေဟာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေကို ကာ ကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အမေရိကန်နိုင်ငံအပေါ် အရေးယူမယ့် တန်ပြန်အစီအမံတွေဟာ လုံးဝ တရားဝင် တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံရဲ့ တရုတ်အပေါ် စည်းကြပ်ခွန်တိုးဖို့ ခြိမ်းခြောက်မှုဟာ အမှားတစ်ခုဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အမေရိကန်ရဲ့ စည်းကြပ်ခွန်တိုးတာကို လက်သင့်မခံဘဲ အဆုံးအထိ တိုက်ပွဲဝင် သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – NHK
Ref; China threatens countermeasures against proposed additional US tariffs

#Ayeyarwaddy_Times