ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

ခန့်မှန်းချေ မြန်မာပြည်သူ ၁၇ သန်းခန့် မြေငလျင်ဘေးသင့်ခဲ့ပြီး နိုင်ငံတကာရဲ့အကူအညီ အ ရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ပြောပါတယ်။

သူက မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးနဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သို့ သွားရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ တွမ်ဖလက်ချာက ပြောပါတယ်။

“မြေငလျင်ဘေးသင့်ပြည်သူတွေဟာ နေစရာတွေ၊ ရွက်ဖျင်တဲတွေနဲ့ သောက်ရေတွေ အရေးတ ကြီး လိုအပ်နေပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား တိုက်ပွဲကြောင့် အဖွဲ့တစ်ဖွဲ့ ထွက်ပြေးခဲ့ရတာ ကို သူ မြင်တွေ့ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေဟာ စိတ်ဒဏ်ရာရရှိနေပြီး ၎င်းတို့ခိုလှုံရာနေရာတွေဟာ မြေငလျင် ကြောင့် ပျက်စီးခဲ့ရတယ်လို့ တွမ်ဖလက်ချာက ပြောပါတယ်။

မြေငလျင်ဘေးမှာ အသက်ရှင်သူတွေအတွက် နိုင်ငံတကာ ပံ့ပိုးကူညီကြဖို့ သူက တောင်းဆိုခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေနည်းပါးနေတယ်လို့ ဆိုပါတယ်။

ဂျပန် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုက သောကြာနေ့က မန္တလေးမြို့ရှိ ယာယီဆေးခန်းတစ်ခုမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆေးကုသပေးမှု စတင်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; UN humanitarian affairs chief estimates 17 mil. Myanmar people affected by quake

#Ayeyarwaddy_Times