
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
တောင်ကိုရီးယားနိုင်ငံက အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံသို့ ဒေါ်လာ ၂ သန်း တန်ကြေးရှိ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့မယ်လို့ သိရပါတယ်။
ရွက်ဖျင်တဲ့ ၅၀၀၊ သောက်ရေဘူး ၄၀၀၀ နဲ့ စောင်အထည် ၈၀၀၀၀ ကို မြန်မာနိုင်ငံရှိ မြေငလျင် ဘေးသင့်ပြည်သူတွေထံ ပေးပို့မယ်လို့ တောင်ကိုရီးယားအစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။
ယခုအကူအညီဟာ တောင်ကိုရီးယားအစိုးရရဲ့ မြန်မာနိုင်ငံသို့ ဒုတိယမြောက် လူသားချင်းစာနာ မှု အကူအညီပေးအပ်မှု ဖြစ်လာမှာပါ။
အစောပိုင်းမှာ တောင်ကိုရီးယားအစိုးရဟာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှတစ်ဆင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ခဲ့ပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မြေငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ အစောဆုံး ထောက်ပံ့ခဲ့တဲ့တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။
ကိုးကား – KBS World
Ref; S. Korea to Provide More Aid to Quake-Stricken Myanmar
#Ayeyarwaddy_Times