
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ဝါးတောကွင်းကျေးရွာအနီးကို ဧပြီ ၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီမှ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ခုနောက်ပိုင်းသူတို့စိတ်ထင်တဲ့နေရာတွေကို စက်တပ်လေထီးနဲ့ဗုံးကြဲတာ ပိုစိတ်လာတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
စက်တပ်လေထီးဖြင့် နှစ်ကြိမ်တိုင်
ဗုံးကြဲမှုကြောင့် ဝါးတောကွင်းကျေးရွာအနောက်ဘက် သစ်တောအတွင်း ပေါက်ကွဲခဲပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေး
ကြောင်း ဒေသခံများကပြောသည်။
လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်AAပူးပေါင်းတပ်များကြား မတ်လ ၁၉ ရက်နေ့မှစတင်ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့သည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့ကလည်း ဝါးတောကွင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအချို့ သေဆုံးခဲ့သည်။
#လေးမျက်နှာမြို့နယ်#ဝါးတောကွင်းကျေးရွာ#စစ်ကောင်စီ#စက်တပ်လေထီးဖြင့်ဗုံးကြဲ#
#Ayeyarwaddy_Times