
ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
မြန်မာနိုင်ငံရှိ မြေငလျင်ဘေးသင့် ပြည်သူတွေအတွက် ထပ်တိုး လူသားချင်းစာနာမှုအကူအညီ ယူရို ၁၀ သန်း ထောက်ပံ့မယ်လို့ ဥရောပကော်မရှင်က ကြေညာလိုက်ပါတယ်။
အဆိုပါထောက်ပံ့ငွေကို မြန်မာမြေငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်နေစရာ၊ ဆေးဝါးနဲ့ သောက်သုံးရေအတွက် သုံးစွဲမယ်လို့ ဉရောပကော်မရှင်က ပြောပါတယ်။
“ဉရောပကော်မရှင်ရဲ့ ဉီးစားပေးမှုက မြန်နိုင်သမျှစောပြီး လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိဖို့ဖြစ်ပါတယ်” လို့ ဉရောပကော်မရှင် အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မရှင် နာမင်းကြီး ဟတ်ဂျာလာဘစ်က သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။
“ကယ်ဆယ်ရေးလုပ်သားတွေ ဘေးကင်းစွာ လုပ်ဆောင်ပြီး အသက်ကယ် အကူအညီတွေ ထောက်ပံ့နိုင်ရေး လူသားချင်းစာနာမှု အဖွဲ့အစည်းတွေကို အဟန့်အတားမရှိ အကူအညီပေးအပ်ခွင့်ပြုဖို့ အဖွဲ့အစည်းအားလုံးကို ထပ်မံ တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာ့မြေငလျင်ဘေးအတွက် ဉရောပကော်မရှင်ရဲ့ ကူညီထည့်ဝင်မှုဟာ ယူရို ၁၃ သန်းအထိ ရှိ လာခဲ့ပြီး ယခုထောက်ပံ့မှုဟာ ၂၀၂၅ ခုနှစ်အတွက် ယူရို ၄၆ သန်း ထောက်ပံ့မယ့် လူသားချင်းစာနာမှု အ စီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဉရောပတိုက်မှ ကျွမ်းကျင်သူ ၁၂ ဉီးနဲ့ ဆက်ဆံရေးအရာရှိနှစ်ဉီးဟာ လူသားချင်းစာနာမှု မိတ် ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ မြေငလျင်ဘေးသင့်ဒေသတွေမှာ ရောက်ရှိနေပါတယ်။
ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၈၀ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ ဒိန်းမတ်နိုင်ငံ၊ ကို ပင်ဟေဂင်မြို့တော်မှ ရန်ကုန်မြို့တော်သို့ ထွက်ခွာသွားပြီလို့ သိရပါတယ်။
ကိုးကား – AFP
Ref; Europe provides 10m euros extra aid as Myanmar earthquake death toll exceeds 3,500
#Ayeyarwaddy_Times