
ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ နှစ်နိုင်ငံဆက် ဆံရေး၊ မြန်မာ့အရေးနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ဖုန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ရဲ့ မြန်မာခရီးစဉ်အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံဉက္ကဌအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အန်ဝါက ဖန်မင်ချင်ကို ရှင်းပြခဲ့ပါ တယ်။
မလေးရှားနိုင်ငံက တွေ့ဆုံဆွေးနွေးမှု တိုးမြှင့်ဖို့နဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ စည်းလုံးညီညွတ် မှုရရှိရေး ကတိကဝတ်ကို ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
မြန်မာပဋိပက္ခ ဖြေရှင်းရာမှာ ထိရောက်သော ပံ့ပိုးကူညီမှုနဲ့ တာဝန်ယူမှုအပါအဝင် မလေးရှား နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ ဖန်မင်ချင်က ချီးကျူးခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၀ ကျော် စေလွှတ်မှု၊ ဆေးဘက်ကိရိယာတွေနဲ့ ပစ္စည်းတွေ ပေးပို့မှု၊ အကူအညီအဖြစ် ဒေါ်လာ ၃၀၀၀၀၀ ထောက်ပံ့မှု အပါအဝင် မြေငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံ သို့ ဗီယက်နမ်နိုင်ငံရဲ့ မြန်ဆန်စွာ အကူအညီပေးမှုအကြောင်းလည်း ၎င်းက ရှင်းပြခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံက မလေးရှားနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တက်ကြွစွာ ဆက်လက် ထောက်ခံမယ်လို့ ဖန်မင်ချင်က ဆိုပြီး မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေး မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေမှာ ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ပြော ပါတယ်။
ကိုးကား – Bernama
Ref; Malaysia, Vietnam reaffirm ties amid US tariff tensions, Myanmar crisis response
#Ayeyarwaddy_Times