
ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စုတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကပြည်သူ့စစ်မှုထမ်းအကြောင်ပြ၍ ငွေများတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
နေအိမ်တစ်အိမ်လျှင် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း တစ်ဦးရှိပါက ကျပ်ငွေရှစ်သောင်း၊ နှစ်ဦးရှိလျှင် ကျပ်ငွေ တစ်သိန်းခွဲအထိပေးရကြောင်း ဒေသခံများက ဆိုသည်။
“ပြည်သူ့စစ်မှုထမ်း စုဆောင်းရေးဆိုပြီး ခြိမ်းခြောက်ပြီး ပိုက်ဆံတွေအတင်းတောင်းနေတာ။ ပြီတော့နယ်ဘက်မှာက စစ်ရှောင်နေကြရတာ။ ဒါကို အတင်းငွေတောင်းနေတော့ အတော်လေး ဒုက္ခရောက်နေကြပါတယ်” ဟု သောင်ဘုတ်အုပ်စုရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) ၊ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ကျေးရွာများမှ ဒေသခံအများစုသည် စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးအများစုမှာ ယခုအချိန်အထိ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေးတောင်းယူမှုများ ပြုလုပ်လျက်ရှိသည်။
#လေးမျက်နှာ #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ရာအိမ်မှူးများ #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #စစ်ရှောင်နေအိမ်များ #ခြိမ်းခြောက်ငွေတောင်း #Ayeyarwaddy_Times