
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘီလျံနာ အီလွန်မတ်စ်တို့ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ အမေရိကန်နိုင်ငံ တစ်ဝှမ်း ပြုလုပ်နေပါတယ်။
ဒေါ်နယ်ထရမ့်အစိုးရက ဖက်ဒရယ်ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်ကာ အစိုးရအသုံးစရိတ် ဖြတ်တောက်မယ့် အစီအစဉ်တွေ ပယ်ဖျက်လိုက်တာကြောင့် စနေနေ့က အမေရိကန်နိုင်ငံတစ်ဝှမ်း လူ ထုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အီလွန်မတ်စ်က DOGE လို့ခေါ်တဲ့ အစိုးရယန္တရား စွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဉီးဆောင် ပေမယ့် သူဟာ ရွေးကောက်ခံမဟုတ်သလို သူ့ရာထူးကို ကွန်ဂရက်က အတည်မပြုထားဘူးလို့ ဝေဖန် ရေးသမားတွေက ပြောပါတယ်။
အမေရိကန်ပြည်သူတွေ မှီခိုအားထားရတဲ့ အစီအစဉ်တွေကို ဖြတ်တောက်ဖို့ အီလွန်မတ်စ်က DOGE ကို ဉီးဆောင်နေတယ်လို့ ဝါရှင်တန်မြို့တော်မှာ ဆန္ဒပြသူတစ်ဉီးက စွပ်စွဲခဲ့ပြီး အီလွန်မတ်စ်ရဲ့ လုပ်ရပ်တွေကို လူတိုင်းက စိတ်ပျက်နေကြတယ်လို့ ပြောပါတယ်။
အီလွန်မတ်စ်က သူ့ရဲ့ကုမ္ပဏီတွေ လည်ပတ်ဖို့သာ ကြိုးစားသင့်ပြီး အစိုးရရာထူးမှ နှုတ်ထွက် သင့်ကာ သူက အမေရိကန်အစိုးရကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ နောက်ထပ် ဆန္ဒပြသူတစ်ဉီးက ပြောပါတယ်။
ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်ရဲ့ အောင်မြင်မှုတွေကို ချီးကျူးခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ သူ့ရဲ့ ကုမ္ပဏီတွေကို အာရုံစိုက်နိုင်ဖို့ လအနည်းငယ်အတွင်း အစိုးရရာထူးမှ နှုတ်ထွက်ဖွယ်ရှိတယ်လို့ ဒေါ်နယ် ထရမ့်က အရိပ်အမြွက်ပြောပါတယ်။
ကိုးကား – NHK
Ref; Mass rallies against Trump, Musk held across US
#Ayeyarwaddy_Times