ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရ စာရင်းစစ်ရုံး ပြိုကျမှုတွင် သေဆုံးသူ ၁၇ ဦးအထိရှိလာပြီး ၇၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူ များကို လျော်ကြေးငွေ ဘတ် ၁ သန်း မှ ၂ သန်းအထိ ပေးဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

အဆောက်အဦပြိုကျမှုကြောင့် သေဆုံးခဲ့ရသူ များ၏ မိသား စုဝင်များကို အလုပ်သမားဝန်ကြီး ဌာနက လျော်ကြေးငွေ ဘတ် ၂ သန်းအထိ ပေးဆောင်မည်ဖြစ်၍ သေဆုံးသူ၏ မိသားစုနှင့် ဆွေမျိုးများအနေဖြင့် လျော်ကြေးငွေရရှိရန် လျှောက်ထားနိုင်ပြီး ၁၅ ရက်အတွင်း လျော် ကြေးငွေပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“လျော်ကြေးငွေကို ဘတ် ၁ သန်း ကနေ ၂ သန်း အထိ ပေးမယ်။ ထိခိုက်ခံစားခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံသားတွေနဲ့တန်း တူ ဆက်ဆံရေးရဖို့ ဝန်ကြီးဌာနကနေ ထောက်ပံ့မှုတွေလုပ်သွားမယ်” ဟု အလုပ်သမားဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန် ဘုန်ဆုံသပ်ချိုင်ယွတ် က ပြောဆိုခဲ့သည်။

ထို့ပြင် ဒဏ်ရာရရှိသူများကိုလည်း ပြန်လည်သက်သာလာသည်အထိ အလုပ်သမားဝန်ကြီး ဌာနက လူမှုဖူလုံရေးရုံးမှတစ်ဆင့် လျော်ကြေးငွေများ ပေးဆောင်သွားမည်ဖြစ်ပြီး ငလျင်ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူများမှာလည်း ခြောက်လအထိ လစဉ် ဘတ် ၇၅၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်သည် ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ကပြိုကျအဆောက်အဦသို့ စတုတ္ထအကြိမ်မြောက် လာရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးတွင် မြေပြင်စိန်ခေါ်မှုများ၊ အစိုးရပံ့ပိုးကူညီမှုများအကြောင်းကို ပြောဆိုခဲ့ကြောင်း သိရသည်။

ကိုးကား – Thaiger
ဓာတ်ပုံ – The Nation Thailand

#Ayeyarwaddy_Times