
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့တွင် စစ်ကောင်စီမှ ကျင်းပရန်တည်ဆောက်ထားသော သင်္ကြန်မဏ္ဍပ် များကို ဧပြီ ၅ ရင်နေ့မှစတင်ပြီးပြန်လည်ဖျက်သိမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ကမ်းနားလမ်းတံင် တည်ဆောက်ထားသော အစိုးရအဖွဲ့ဗဟိုသင်္ကြန်မဏ္ဍပ်အပါအ၀င် မဏ္ဍပ် ခြောက်ခုကို ပြန်လည်ဖြုတ်သိမ်းနေကြောင်း သိရသည်။
“သူတို့က ဒီနှစ် ပုသိမ်မှာ အစည်ကားဆုံးလုပ်ဖို့ကြံထားတာ ၊ ငလျင်ကြောင့် ပျော်ပွဲရွှင်ပွဲတွေရပ်လိုက်တော့ ဖျက်လိုက်ရတယ်ထင်ပါတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်
သင်္ကြန်မဏ္ဍပ် များဖျက်သိမ်းလိုက်သော်လည်း ရပ်ကွက်များတွင် စတုဒီသာကျွေးရန်နှင့် တိုင်းစစ်ကောင်စီမှ ဌာနဆိုင်ရာ၀န်ထမ်းများကို ရဟန်း၀တ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
လူငယ်အများစုသည် ငလျင်ဒဏ်ကြောင့် ထိခိုက်သူများကို စာနာသောကြောင့် င်္သကြန်လည်ပတ်ရန်အစီအစဉ်မရှိကြောင်းနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီရန်အတွက် ဧပြီ ၁ ရက်နေ့မှစတင်ပြီး အဖွဲ့များခွဲကာ ပုသိမ်မြို့၏ လူစည်ကားရာနေရာများတွင် အလှူခံနေကြသည်။
#ပုသိမ်မြို့ #င်္သကြန်မဏ္ဍပ်များ #ပြန်လည်ဖျက်သိမ်း
#Ayeyarwaddy_Times