
(အမေရိကန်က မြန်မာမြေငလျင်ဘေးအတွက် ဒေါ်လာ ၇ သန်း ထပ်တိုး ထောက်ပံ့)
ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
သေဆုံးသူ ၃၃၅၄ ဉီးအထိ ရှိလာခဲ့ပြီဖြစ်တဲ့ မြေငလျင်ဘေးသင့် မြန်မာနိုင်ငံကို ပံ့ပိုးကူညီကြဖို့ ကုလသမဂ္ဂအဖွဲ့က ဧပြီလ ၅ ရက်မှာ ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာက ပံ့ပိုးကူညီကြဖို့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီအကြီးအကဲ တွမ်ဖလက် ချာက မြေငလျင်လှုပ်ခတ်ရာ ဗဟိုချက်မ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံး မန္တလေးမြို့ခရီးစဉ်အတွင်း မေတ္တာရပ်ခံခဲ့ပါတယ်။
“ထိခိုက်ပျက်စီးမှုက မယုံနိုင်လောက်စရာပါ။ အသက်တွေ ဆုံးရှုံးခဲ့တယ်။ နေအိမ်တွေ ပျက်စီးခဲ့ တယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခိုင်နိုင်မှုက မယုံကြည်နိုင်လောက်စရာပါ” လို့ ၎င်းက လူမှု ကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
“ကမ္ဘာကြီးက မြန်မာပြည်သူတွေကို ခက်ခဲနေချိန်မှာ ပံ့ပိုးကူညီရပါမယ်” လို့ တွမ်ဖလက်ချာက ဆိုပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ပြည်သူ ၂၈ သန်းခန့်နေ ထိုင်ရာ မြေငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးမှာ ကူညီဖို့ ကယ်ဆယ်ရေးသမားတွေ စေလွှတ်ခဲ့ပါတယ်။
ငလျင်ဒဏ်သင့် အသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီဖို့ မြန်မာနိုင်ငံသို့ ဒေါ်လာ ၉ သန်းထက်မနည်း လှူဒါန်းဖို့ အမေရိကန်နိုင်ငံက ကတိပြုခဲ့ပေမယ့် ပြည်ပအကူအညီပေးရေး အစီအစဉ်ဖျက်သိမ်းမှုက တုံ့ ပြန်မှုကို သက်ရောက်စေခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူဟောင်းတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ ဒေသတွေနေပြည်သူတွေထံ အကူအညီပေးမှု ကို ကန့်သတ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဧပြီလ ၄ ရက်မှာ ပြောကြား ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; UN calls for Myanmar support as quake death toll reaches 3,354
#Ayeyarwaddy_Times