ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ဒေါ်နယ်ထရမ့်အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီ ဖျက်သိမ်းမှုကြောင့် အမေရိကန်နိုင်ငံက မြန်မာမြေငလျင်ဘေးမှာ မကူညီနိုင်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံခြားရေးဝန် ကြီး မာကိုရူဘီယိုက ပယ်ချလိုက်ပါတယ်။

မြန်မာမှာ မြေငလျင်လှုပ်ခတ်မှုလိုမျိုး ဘေးအန္တရာယ်တွေကို အမေရိကန်နိုင်ငံက ဘာကြောင့် အဓိပ္ပာယ်ရှိရှိ မတုံ့ပြန်ခဲ့သလဲလို့ ဘီဘီစီသတင်းဌာနက မေးမြန်းခဲ့ရာ “ကျွန်တော်တို့က ကမ္ဘာ့အစိုးရ မ ဟုတ်ပါဘူး” လို့ မာကိုရူဘီယိုက ဖြေကြားခဲ့ပါတယ်။

USAID ဖျက်သိမ်းမှုကြောင့် အမေရိကန်နိုင်ငံက မြန်မာ့မြေငလျင်ဘေးမှာ ကယ်ဆယ်ရေးသမား တွေ၊ အနံ့ခံခွေးတွေ မစေလွှတ်နိုင်ခဲ့ဖူးလို့ တာဝန်ရှိသူဟောင်းတွေက ဒီသီတင်းပတ်အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ ချမ်းသာတဲ့တိုင်းပြည်တွေ အများကြီးရှိပြီး အဲဒီတိုင်းပြည်တွေက ဝိုင်းကူပေးသင့် ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီမှာဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ ကယ်ဆယ်ရေးဆောင် ရွက်ဖို့ လွယ်ကူတဲ့နေရာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံကို မကြိုက်တဲ့ စစ်ကောင်စီရှိနေ ပါတယ်” လို့ မာကိုရူဘီယိုက ရှင်းပြပါတယ်။

အကူအညီပေးဖို့ ဝင်ခွင့်မရတာ မြန်မာစစ်ကောင်စီကြောင့်လို့ မာကိုရူဘီယိုက ဘယ်လ်ဂျီယမ်နိုင် ငံ၊ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ နေတိုးအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ကျွန်တော်တို့ လူသားချင်းစာနာမှု အကျပ်အတည်းမှာ ဆက်လက်ပြီး ကူညီချင်ပါတယ်။ အခြား တိုင်းပြည်တွေကိုလည်း ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ တရုတ်နဲ့အိန္ဒိယက ချမ်းသာတဲ့တိုင်းပြည်တွေဖြစ်ပါ တယ်။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့တိုင်းပြည်တွေ များစွာရှိပြီး ဝိုင်းကူသင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ အရင်ဆုံး စေလွှတ်ခဲ့တဲ့ တိုင်းပြည်တွေဖြစ်တယ်လို့ အမေရိကန် လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူ တွေက ပြောပါတယ်။

ကိုးကား – BBC
Ref; Rubio dismisses criticism over US response to Myanmar quake

#Ayeyarwaddy_Times