ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

အတိုက်အခံတွေ ထိန်းချုပ်ထားရာဒေသတွေမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးတ ကြီး လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာစစ်တပ်က ကန့်သတ်နေတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလ ၂ ရက်မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် စစ် ကောင်စီက အတိုက်အခံတွေအပေါ် တိုက်ခိုက်မှု ၅၃ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်နာမင်းကြီးရုံး (UNOHCHR) က ပြောပါတယ်။

ငလျင်ဘေးသင့်ဒေသတွေ အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်မရှိတဲ့ ဒေသတွေမှာ လူ သားချင်းစာနာမှု အခြေအနေဟာ ကြောက်မတ်ဖွယ်ရာဖြစ်တယ်လို့ UNOHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာဆမ်ဒါဆာနီက ဂျီနီဗာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“အကူအညီတွေကို ကန့်သတ်တာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို မထောက်ခံဘူးလို့ ယူဆရ တဲ့ ပြည်သူတွေထံ အကူအညီမရောက်ရှိအောင် ဟန့်တားတဲ့ မဟာဗျူဟာတစ်ခု ဖြစ်ပါတယ်” လို့ ၎င်း က ဆိုပါတယ်။

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အကူအညီလိုအပ်ချက်ဟာ အရေးတကြီးဖြစ်ပြီး အကူအ ညီလိုအပ်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှုအေဂျင်စီတွေက လုပ်ဆောင်နေတယ်လို့ သူက ဆက် ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေဟာ ကြောက်မတ်ဖွယ်ရာဖြစ်ပြီး ရပ်တန့်ဖို လိုအပ်ကာ ပြန်လည် ထူထောင်ရေး အလေးထားဖို့ လိုအပ်ပါတယ်” လို့ ရာဗီနာဆမ်ဒါဆာနီက ပြောပါတယ်။

ရက် ၂၀ အပစ်အခတ်ရပ်စဲမှာဖြစ်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာရင် လိုအပ်သ လို လက်တုံ့ပြန်မယ်လို့ မြန်မာစစ်ကောင်စီက ဧပြီလ ၂ ရက်မှာ နိုင်ငံပိုင်ရုပ်သံဌာနမှတစ်ဆင့် ကြေညာခဲ့ ပါတယ်။

ကိုးကား – Reuters
Ref; Myanmar military limiting aid in earthquake areas, UN says

#Ayeyarwaddy_Times