
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ဘေးပန်းအဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ မြန်မာ့မြေငလျင် ဘေး ပံ့ပိုးကူညီမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးအတွင်းဝန် ဗီကရမ်မစ်ဆရီက ပြောပါတယ်။
“အကူအညီလိုအပ်နေချိန်မှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ အတူရပ်တည်ပြီး လိုအပ်ရင် အကူအ ညီတွေ ပိုမို ပေးအပ်ဖို့ အဆင်သင့်ရှိတယ်လို့ ဝန်ကြီးချုပ် မိုဒီက မင်းအောင်လှိုင်ကို သတင်းစကားပါးခဲ့ပါ တယ်” လို့ ၎င်းက ပြောပါတယ်။
အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းစဉ် စော လျင်စွာ ပြန်လည်စတင်မှု အရေးကြီးတာကိုလည်း ဝန်ကြီးချုပ် မိုဒီက မီးမောင်းထိုးပြခဲ့တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အိန္ဒိယ အမျိုးသား ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) က ကယ်ဆယ်ရေးတွေ တက်ကြွ စွာ ဆောင်ရွက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဖွဲ့ဝင် (၈၀) ဉီးပါ NDRF အဖွဲ့က မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ တယ်လို့ အိန္ဒိယ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ အင်္ဂါနေ့က မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ၆၂၅ တန်နဲ့ ကယ် ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – The News Mill
Ref; India stands with Myanmar in hour of need… ready to deploy more material assistance,” says Foreign Secretary Vikram Misri
#Ayeyarwaddy_Times