
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ဓါးခုတ်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် စစ်ကောင်စီ ဗိုလ်မှူးကို မင်္ဂလာဒုံစစ်ဆေးဆေးရုံသို့ လွှဲပြောင်းကုသစဥ် သေဆုံးသွားကြောင်း သိရသည်။
ငပုတောမြို့နယ် မကျီးဇင်ကျေးရွာ၊ငှက်ပျောချောင်းအတွင်း ကုန်တင်စက်လှေတစ်စင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီးနောက် ငရုတ်ကောင်းမြို့သို့ ပို့ဆောင်စဥ် စက်လှေပေါ်ပါသူများမှ ပြန်လည်ခုခံရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်တွင် ဓါးခုတ်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် စစ်ကောင်စီ ဗိုလ်မှူးကို မဂ်လာဒုံစစ်ဆေးဆေးရုံသို့ လွှဲပြောင်းကုသစဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ငရုတ်ကောင်းမြို့ကို ဒီမနက်ပဲ သတင်းရောက်လာတယ်။ ဗိုလ်မှူး တော့ ရန်ကုန်စစ်ဆေးရုံကိုအပို့မှာ ဆုံးသွားပြီလို့”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စက်လှေကို ဖမ်းဆီးခေါ်ဆောင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ရဲတပ်သားနှင့် ထွေအုပ်စာရေးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရဲတပ်သား မိုးထက်၀ဠာကျော် သည် ငရုတ်ကောင်းဆေးရုံ အရောက်တွင်သေဆုံးခဲ့ကာစစ်ကောင်စီဗိုလ်မှူးမှာ ပုသိမ်ဆေးရုံမှ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ပါ၀င်သူများဘက်မှ ဗိုလ်မှူး နှင့်ရဲတပ်သား တို့၏ လက်နက်များကိုယူဆောင်၍ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ဂေါ်ရင်ဂျီကျွန်းပင်လယ်ပြင်တစ်လျှောက် စစ်ကေင်စီက အပူတပြင်းရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
#ဂေါ်ရင်ဂျီကျွန်း #ဓါးခုတ်ခံရ #စစ်ကောင်စီဗိုလ်မှူး #မင်္ဂလာဒုံစစ်ဆေးရုံ #Ayeyarwaddy_Times