
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
မြန်မာနိုင်ငံမှာ မြေငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီပေးအပ်နိုင်ရေး ယာယီ အပစ်အ ခတ်ရပ်စဲဖို့ Quad အဖွဲ့ဝင်နိုင်ငံတွေက သောကြာနေ့မှာ တောင်းဆိုခဲ့ပြီး ဒေါ်လာ သန်း ၂၀ ကျော် ပံ့ပိုးကူ ညီဖို့ ကတိပြုလိုက်ပါတယ်။
ယာယီ အပစ်အခတ်ရပ်စဲဖို့ ကတိကဝတ်ကို အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ အမေရိကန်တို့နဲ့ ဖွဲ့ စည်းထားတဲ့ Quad အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံမှာ ကယ်ဆယ် ရေးပစ္စည်းတွေ ပေးအပ်ကာ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့တွေ စေလွှတ်နေတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာ့မြေငလျင်ဘေးအတွက် ဒေါ်လာ ၁၃ ဒသမ ၇၆ သန်းတန်ကြေးရှိ ကယ် ဆယ်ရေးပစ္စည်းတွေ ပေးအပ်ဖို့ ကတိပြုပြီး အမေရိကန်အစိုးရက ကယ်ဆယ်ရေးလုပ်ဖို့ လျစ်လျူရှုထား ချိန်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
Quad အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ အစားအသောက်နဲ့ ဆေးဝါးတွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန် ၆၀၀ ကျော် ပေးပို့ခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဉီး စေလွှတ် ခဲ့ပါတယ်။
လူ့အသက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေက ရှိယင်းစွဲ လူသား ချင်းစာနာမှု အကျပ်အတည်းကို အခြေအနေ ပိုဆိုးစေခဲ့တယ်လို့ Quad အဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။
“ယာယီ အပစ်အခတ်ရပ်စဲမှုကို ကြိုဆိုပြီး အဆိုပါအစီအမံတွေကို လိုက်နာကြဖို့ တောင်းဆိုကာ မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာမှု အကူအညီ အချိန်မီ ပေးအပ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ရပ် ဖန် တီးဖို့ ပူးတွဲထုတ်ပြန်ချက်က တိုက်တွန်းခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နေပြီး အရေးပေါ် ဆေးဘက်ဆိုင် ရာအဖွဲ့တွေ စေလွှတ်ကာ ငလျင်ဒဏ်သင့်ပြည်သူတွေကို ထောက်ပံ့ရေး မြန်မာနိုင်ငံမှာ လုပ်ဆောင်နေ တဲ့ မိတ်ဖက်အဖွဲ့တွေကို ပံ့ပိုးကူညီနေပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Hindustan Times
Ref; Quad members pledge aid worth $20 million for Myanmar in face of Chinese presence
#Ayeyatwaddy_Times