ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

F-16 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ အမေရိကန်ုနိုင်ငံရဲ့ အတည်ပြုချက်ကို ဖိလစ်ပိုင် တာ ဝန်ရှိသူတွေက ကြိုဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ ရေကြောင်းလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာစဉ် ဖိလစ် ပိုင် တာဝန်ရှိသူတွေက အမေရိကန်နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ အတည်ပြုချက်ကို ကြိုဆိုလိုက်တာပါ။

ဒေါ်လာ ၅ ဒသမ ၅၈ ဘီလီယံတန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ် အစင်း ၂၀ နဲ့အတူ အခြား စစ်လက်နက်တွေ ရောင်းချဖို့ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်းဆိုချက်ကို အတည်ပြုခဲ့တယ်လို့ အမေရိကန်အစိုး ရက ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမှုကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက်ဖြစ်ပြီး မည်သည့်တိုင်းပြည်ကိုမျှ မရည်ရွယ်ဘူးလို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား ယင်းသို့သော စစ်လက်နက်ရောင်းချရေး သဘောတူညီချက်က ဒေ သတွင်းလုံခြုံရေးကို ထိခိုက်စေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ဖိလစ်ပိုင်နဲ့ အခြားတိုင်းပြည်တွေကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု က တတိယတိုင်းပြည်တစ်ခုကို မရည်ရွယ်သင့်သလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မခြိမ်း ခြောက်သင့်သလို တင်းမာမှုတေွ အရှိန်မမြှင့်သင့်ပါဘူး” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က မနီလာမြို့တော်သို့ သွားရောက်ပြီးနောက် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်သို့ F-16 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ကြေညာခဲ့တာပါ။

ကိုးကား – NHK
Ref; Philippines welcomes US approval of F-16 fighter jet sale

#Ayeyarwaddy_Times