
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
အင်အားပြင်းထန်လွန်သောငလျင်ဒဏ်ခံစားနေရပြီး ယာယီတဲထိုးနေထိုင်သူများ အိမ်သာကိစ္စ အဆင်ပြေစေရန်အတွက် မန္တလေးနှင့် စစ်ကိုင်းတွင် ရွှေ့လျားအိမ်သာများလှူဒါန်းမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက်လှူဒါန်းကူညီနေသူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ငလျင်ထိခိုက်မှုပိုများသည့် စစ်ကိုင်းနှင့် မန္တလေးမြို့တွင် ရွှေ့လျားအိမ်သာ ( mobile toilet) အလုံး ၇၀ ကူညီနိုင်ရန်ခန့်မှန်းထားကြောင်း HOPE Mental Health & Psychosocial Support လူမှုအဖွဲ့အစည်းထံမှ သိရသည်။
” Mobile Toilet သွားဖို့ စီစဥ်နေပါတယ်။ ကောက်ခံလို့ရတဲ့ အလှူငွေပေါ် မူတည်ပါတယ်။ အလုံး ၇၀ လောက်တော့မှန်းထားပါတယ် ” ဟု ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ Mobile Toilet ကို အသုံးပြုပြီးနောက် အိမ်သာသန့်ရှင်းရေးအတွက် အလုပ်သမားလူငှားရ န်စီစဥ်ထားပြီး လက်ဆေးဘေစင်များတပ်ဆင်မည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
ထို့အပြင် ရွှေ့လျားအိမ်သာတစ်လုံးတန်ဖိုးသည် ဘိုထိုင်အလုံးဖြင့် ကျပ် ၂၄ သိန်းနှင့် ဗမာထိုင်အလုံး ကျပ် ၂၂ သိန်းပတ် ဝန်းကျင် တန်ကြေးရှိကြောင်းသိရသည်။
ယင်းအပြင် ငလျင်ဒဏ်ခံရသည့် တံတားဦးမြို့နယ်တွင် မြန်မာ့ရိုးရာ တွင်းအိမ်သာ၊ လုံးချင်း၊ ယင်လုံအိမ်သာတစ်လုံး ခြောက်သိန်း ကျပ်ဖြင့် တည်ဆောက်လှူဒါန်းနေပြီး လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်း စေတနာရှင်တစ်ဦးက ဆိုသည်။။
” အိမ်သာတွေလိုတယ်။ အခုလှူဒါတော့ တံတားဦးမှာ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲမှနေ၍ အနုပညာဂီတလောကအတွင်း ရောက်ရှိလာသူ အဆိုတော် ချမ်းမြေ့မောင်ချိုကလည်း ကောက်ခံရရှိသည့် အလှူငွေများကို ရွှေ့လျားအိမ်သာ ( mobile toilet ) အတွက် လှူဒါန်းလျက်ရှိကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
#မန္တလေးငလျင် #စစ်ကိုင်းငလျင် #mobiletoilet #လှူဒါန်း #Ayeyarwaddy_Times